ချစ်ရပါသော ဟန်နီ
အိမ်ခေါင်မိုးပေါ် မိုးပေါက်ကျသံတွေက အတော်ကလေး ပြင်းထန်နေသည်။ တဖျောက်ဖျောက် မည်ရုံသာမကဘဲ တဒုန်းဒုန်း တအုန်းအုန်းနှင့် နားစည်ပင် ကွဲထွက်မတတ် ဆူညံလွန်း လှပေသည်။ သွပ်မိုးသုံးထပ်တိုက် အဆောက်အဦ၏ အပေါ်ဆုံးထပ်ဖြစ်၍လည်း ဤမျှလောက်အထိ ဆူညံလွန်းနေခြင်းဖြစ်မည်။ မိုးသံလေသံကြားမှာ သူမ အာခေါင်ခြစ်မျှစူးစူးဝါးဝါးဟစ်အော်နေသံကို […]