တဲပြိုပါစေ
ကိုထွန်းလူတစ်ယောက် လက်ကျန်အရက်ခွက်လေးကိုမော့သောက်လိုက်သည်။ အနောက်တောင်ဖျားဆီမှ မိုးတို့က ညို့တက်လာတာကို သတိထားမိလိုက်တော့နွားစာမြန်မြန်စဉ်းဖို့တွေးရင်း နွားစာတဲဘက်ထွက်လာခဲ့သည်။ ပြောင်းရိုးများကို အပေါက်ထဲထိုးလိုက် ခြေထောက်တဘက်က ဓားသွားရှိသည့် ခြေနင်းခုံကို ဖိနင်းလိုက်လုပ်ပေးနေရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ စိမ့်ကနဲတိုက်ခတ်လိုက်သည့် လေအေးအေးအေးကြောင့် မကြာခင် မိုးရွာတော့မည်ဟု ခန့်မှန်းကာ […]